Wordpress သုံးသူတိုင်း လုံးဝသုံးရမဲ့ Plugins များ

February 07, 2025

1. Akismet Anti-spam: Spam Protection

Wordpress install လုပ်ပြီးတာနဲ့ အဲ့ဒါကိုတစ်ခါတည်း Activate လုပ်ကိုလုပ်ရမယ်။
မလုပ်ရင်ဘာဖြစ်လဲသိချင်ရင်တော့ မလုပ်ပဲနေကြည့်လိုက်ပေါ့။
comments တွေဖျက်လို့နိုင်မှာတောင်မဟုတ်ဘူး။


2. Media Cloud

ကိုယ့်ရဲ့ wordpress site ကလေးနေတာတို့ ဘာပဲဝင်ဝင် loading ပဲဖတ်နေတာတို့ဖြစ်ဖူးကြမှာပါ။
စစချင်းမဖြစ်ရင်တောင် လူသုံးများလာရင်ဖြစ်ကိုဖြစ်ပါတယ်။
အဲ့ဒါက images တွေကြောင့်ဖြစ်တာ။
image တွေကို CDN သဘောမျိုး ကိုယ့် server မဟုတ်တဲ့ cloud တစ်ခုမှာသွားပြီး သိမ်းပေးတာမျိုးကို ဒီ plugin ကလုပ်ပေးတာ။
ကိုယ့်ရဲ့ site မလေးချင်ရင်တော့ သုံးကိုသုံးသင့်တယ်။


3. All-in-One WP Migration

ဒါကတော့ wordpress site ကိုတစ်ခုလုံးဖြစ်ဖြစ် database ပဲဖြစ်ဖြစ် backup ယူထားလို့ရတဲ့ဟာပါ။
အရမ်းကိုအသုံးဝင်ပါတယ်။


4. Imagify

Imagify plugin ကတော့ image တွေကို file size လျှော့ပေးတာပါ။


Wordpress နဲ့ Developer တိုင်းမကင်းနိုင်တာမို့ ဒီ plugin လေးတွေကို သုံးကိုသုံးကြပါ။


Profile picture

Written by Yannainglin who lives and works in Mawlamyine building nothing. Facebook Profile

© 2025, Yan Naing Lin